• (+95) 9 799072219, (+95) 9 257787228, (+95) 9 781397434
  • E-mail Us

BENEFITS OF HAVING A WEBSITE

မိမိကိုယ်ပိုင် Website တည်ဆောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ယခုခေတ်မြန်မာနိုင်ငံတွင် ခေတ်ရေစီးကြောင်းနှင့်အညီ တိုးတက်ခေတ်မှီလာသည်နှင့်အမျှ နိုင်ငံတကာ ကုမ္ပဏီများနှင့်ဆက်သွယ်၍ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လုပ်ကိုင်လာလျက်ရှိပါသည်။ ထို့ကြောင့် အင်တာနက်မှဆက်သွယ်၍ စီးပွားရေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုရန် လိုအပ်လာပါသည်။ သို့ဖြစ်၍ လူကြီးမင်းတို့၏ လုပ်ငန်းနှင့်ကုန်ပစ္စည်းများကို နိုင်ငံတကာမှ Supplier များ၊ Dealer များနှင့် နိုင်ငံတကာဈေးကွက်အတွင်းသို့ လွယ်ကူစွာရောက်ရှိနိုင်စေရန် ကုမ္ပဏီပိုင် Website တင်ခြင်းများအား မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များလည်း ပြုလုပ်နေကြပြီ ဖြစ်ပါသည်။

လူကြီးမင်းတို့ကုမ္ပဏီ၏ သတင်းအချက်အလက်များ၊ ကုန်ပစ္စည်းများ၊ ဈေးနှုန်းများ၊ ပရိုမိုးရှင်းများ၊ သတင်းနှင့်ကြော်ငြာများ စသည်ဖြင့် အခြားသောဝန်ဆောင်မှုများကို မိမိပိုင် Website ပေါ်တင်ပြီး သုံးစွဲသူ Customer များကို လွယ်ကူစွာ ကြည့်ရှုနိုင်ခြင်းအားဖြင့် Website ကဏ္ဍသည် အစွမ်းထက်ထိရောက်မှုရှိသော နိုင်ငံတကာသုံး စီးပွားရေးမီဒီယာလက်နက်တစ်ခုပင်ဖြစ်သည်။

မိမိကုမ္ပဏီပိုင် Website တည်ဆောက်ထားခြင်းအားဖြင့် Customer နှင့် Supplier များကြား ဆက်သွယ်ရာတွင် အချိန်ကုန်သက်သာခြင်း၊ ကြော်ငြာဝန်ဆောင်မှုကဏ္ဍအနေဖြင့်လည်း ကနဦးရေးဆွဲခ တစ်ကြိမ်ပေးပြီးလျှင် နှစ်စဉ်ကြေးအနည်းငယ်သာ ပေးဆောင်ရသဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ ယုံကြည်စိတ်ချစွာဖြင့် မိမိ Website တွင် ကြော်ငြာနိုင်ခြင်း စသည့် အားသာချက်များ ရှိပါသည်။